from $690,00
Book Now

Yangon-Bali

Created with Sketch. Myanmar
Not Rated
Created with Sketch.

Duration

5 days 4 nights

Created with Sketch.

Tour Type

Daily Tour

Created with Sketch.

Group Size

2 people

Created with Sketch.

Languages

___

Overview

Yangon- Bali

 

(4 Nights / 5 Days ) $ 690 / Per Person

Day 01: ရန်ကုန် – စင်ကာပူ – ဘာလီ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၁၀:၃၅ အချိန်တွင် Singapore Airlines ဖြင့် စတင်ထွက်ခွါမည် ဖြစ်ပါသည်။ စင်ကာပူလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၀၃:၁၀ တွင် ရောက်ရှိပြီး ထိုမှတဆင့် ဆက်လက် ထွက်ခွါကာ Ngurah Rai International Airport (ဘာလီ) သို့ ဒေသစံတော်ချိန် ည ၀၇း၀၅ တွင် ရောက်ရှိမည် ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသခံ ဧည့်လမ်းညွှန် မှ လာရောက်ကြိုဆိုနေမည်ဖြစ်ပြီး အိပ်စက်အနားယူရန် ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
Day 02: SOUTH OF BALI (မနက်စာ/နေ့လည်စာ/ညစာ)
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဘာလီရှိ အထင်ကရဖြစ်သော Tanjung Benoa Beach သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး 1x Banana Boat Ride စီးနိုင်ပါမည်။ အခြားသော water activities များကို မိမိအစီအစဉ်ဖြင့် ဆော့ကစားနိုင်မည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဘာလီဧ။် တောင်ပိုင်းတွင်ရှိသော Uluwatu Temple သို့ ဆက်လက်ထွက်ခွါမည် ဖြစ်ပါသည်။ ညစာကို Jimbaran beach တွင် ပင်လယ်စာဖြင့် ဧည့်ခံပြီး ဟိုတယ်သို့ ပြန်လည်အနားယူမည်ဖြစ်ပါသည်။
Day 03: KINTAMANI – TAMPAKSIRING (မနက်စာ/နေ့လည်စာ/ညစာ)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘာလီရှိ Batubulan Village, Celuk & Mas Village နှင့်
Tegenungan Waterfall တို့သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်ပြီး ဘာလီဧ။် နာမည်ကျော်ကြားသော Luwak coffee စိုက်ခင်းသို့ လေ့လာပြီးနောက် အထင်ကရဖြစ်သော Kintamani volcano အားကြည့်ရှုမည်ဖြစ်ပါသည်။ ထို့နောက် Hindu ရိုးရာ ဘုရားကျောင်း ဖြစ်သော Tampak Siring temple) သို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ယနေ့၏ နောက်ဆုံးအစီအစဉ်အဖြစ် Ubud village သို့ 
လေ့လာပြီး ညစာသုံးဆောင်ကာ ဟိုတယ်တွင် ညအိပ်အနားယူမည်ဖြစ်ပါသည်။
Day 04: ULUNDANU TEMPLE – TANAH LOT (မနက်စာ/နေ့လည်စာ/ညစာ)
နံနက်စာ သုံးဆောင်ပြီးနောက် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ အမွေနှစ်ဇုန် အဖြစ် သတ်မှတ်ထားသောနေရာဖြစ်သည့် Jatih Luwih သို့ သွားရောက် လေ့လာပါမည်။ ဆက်လက်ပြီး ဘာလီဧ။် ရေပေါ်ဘုရားကျောင်းဖြစ်သော Ulundanu temple ခရီးဆက်လက်ထွက်ခွါပါမည်။နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် ဧည့်ခံမည် ဖြစ်ပါသည်။ ထို့နောက် ပင်လယ်ထဲမှကျောက်ဆောင် ဟုတင်စားရသော Tanah Lot temple သို့ လေ့လာပြီး ညစာကို ဒေသစားသောက်ဆိုင်တွင် ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
Day 05: ဘာလီ – ရန်ကုန် (မနက်စာ)
ဒေသအစားအစာများဖြင့် နံနက်စာ သုံးဆောင်ပြီူးလေဆိပ်သို့ ထွက်ခွါပါမည်။ နံနက် ၁၀:၂၅ အချိန်တွင် Silk Air (MI 175) ဖြင့် စင်ကာပူလေဆိပ်သို့ ထွက်ခွါပါမည်။ ထို့မှတဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ MI 518 ဖြင့် ညနေ ၀၄:၄၀ တွင် ပြန်လည်ရောက်ရှိပါမည် ဖြစ်ပါသည်။
*****************************************************************************
ပါဝင်သော ၀န်ဆောင်မှုများ
• အသွားအပြန်လေယာဉ်လက်မှတ် (20kg ပါဝင်ပြီး)
• ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ်တွင် ၄ ညတာတည်းခိုခွင့် (နံနက်စာ ပါဝင်ပြီး)
• ခရီးစဉ်အတွင်း သီးသန့် အဲယားကွန်းကား ၀န်ဆောင်မှု
• ဒေသခံအင်္ဂလိပ်စကားပြောဒရိုင်ဘာ
•၀င်ကြေးများ
• ခရီးစဉ်အတွင်း တစ်နေ့လျှင် ရေသန်ဘူးတစ်ဘူး ၀န်ဆောင်မှု
• ခရီးစဉ်အတွင်း ဖော်ပြထားသော အစားအသောက်များ (မနက်စာ/နေ့လည်စာ/ညစာ)
• Tipping များ
မပါဝင်သော ၀န်ဆာင်မှုများ
• ဗီဇာကြေးများ
• အာမခံကြေးများ
• အဖျော်ယမကာများ
• ကိုယ်ပိုင်အသုံးစရိတ်များ (အ၀တ်လျှော်ခ၊ တယ်လီဖုန်းပြောဆိုခ၊ ဈေးဝယ် အစရှိသ
ည်…….)
• ခရီးစဉ်အတွင်း ဖော်ပြမထားသော ၀န်ဆောင်မှုများ

 

Bali
Yangon- Bali
4 Nights / 5 Days
$ 690 / Per Person

View More

Tour's Location

Created with Sketch. Myanmar

Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

Created with Sketch.
from $690,00

You might also like

Get Updates & More

Thoughtful thoughts to your inbox