from $1.300,00
Book Now

Yangon – Taiwan April Thingyan Water Festival Tour

Created with Sketch. Myanmar
Not Rated
Created with Sketch.

Duration

6 Nights / 7 Days

Created with Sketch.

Tour Type

Daily Tour

Created with Sketch.

Group Size

Unlimited

Created with Sketch.

Languages

___

Overview

Yangon – Taiwan Tour 12 – 18 April Thingyan Water Festival 2020 USD – 1300 Per person

ထိုင်ဝမ် ၆ ညအိပ် ၇ ရက် ခရီးစဉ် Yangon – Taiwan Tour 12 – 18 April Thingyan Water Festival 2020 တစ်ဦးလျှင် USD – 1300

အတာသင်္ကြန်ပိတ်ရက်မှာ ထိုင်ဝမ်ကျွန်းတစ်ကျွန်းလုံးကို လည်ပတ်ကြမယ့် ထူးထူးခြားခြား အခွင့်အရေးကို လက်မလွှတ်ပဲ လိုက်ခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်…….
ထိုင်ဝမ် ကို Repubilc of China (ROC) လို့ အတိုခေါ်ဆိုကြပါတယ်။ ထိုင်ဝမ် ကို တရုတ်လို့ပဲ အကြမ်းဖျဉ်း သိထားပေမဲ့တရုတ်နဲ့မတူတဲ့ သီးခြားကျွန်းနိုင်ငံလို့လည်း ခေါ်ဆိုလို့ ရနိုင်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်ပြည်မကြီးနဲ့ မတူဘဲ အရာရာမှာ လွတ်လပ်စွာ ရှိနေတာက ခရီးသွားတွေ အတွက် စွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်။ ပြီးတော့ထိုင်ဝမ် က ရာသီဥတုအားဖြင့်လည်း သင့်တင့်ပြီး မြောက်ပိုင်းက အအေးပိုတတ်တဲ့ ကျွန်းလေးပါ။ ထိုင်ဝမ်ကျွန်းဟာ အရင်က ဒတ်ခ်ျ၊ ဂျပန် စတဲ့ နိုင်ငံတွေရဲ့ နယ်ချဲ့အုပ်စိုးတာကို ခံခဲ့ရဖူးတော့ ယဉ်ကျေးမှုပုံစံကလည်း ရောယှက်နေပါတယ်။ ဒါကြောင့်မို့ ခရီးသွားချစ်သူတွေ မဖြစ်မနေသွားရောက် လေ့လာသင့်တယ့်နိုင်ငံတခု ဆိုလည်း မမှားပါဘူး…..

Day 1 : : Yangon – Taipei – Taichun (D)

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်ဝမ်နိုင်ငံ တိုင်ပေရှိ Taoyan Airport သို့ China Airline CI 7916 10:50 – 16:15 PM ဖြင့် ထွက်ခွာပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီး Taichung မြို့သို့ သွားရောက်ပါမည်။ Fengjia Night Market သို့ စျေးဝယ်ထွက်ရန် ပို့ဆောင်ပေးပါမည်။ ပြီးနောက် ဟိုတယ်သို့ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။
Hotel: Regal International Hotel (or) similar hotel

Day 2 : : Taichun – Nantou – Chiayi ( B / L / D )

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Nantou မြို့သို့ မထွက်ခွာမီ Rainbow Village သို့ သွားရောက် လည်ပါတ်ပါမည်။ ပြီးနောက် နာမည်ကျော် နေ-လ ကန်ဟု ခေါ်ဝေါ်ကြသည့် Sun-Moon Lake သို့သွားရောက်ပြီး ရေချိုကန်အတွင်း Speed-Boat ဖြင့် လည်ပါတ်ပါမည်။ အပြန်လမ်းတွင် နာမည်ကျော် Wenwu ဘုရားကျောင်းကို လေ့လာကြည့်ရှု့ပါမည်။ ပြီးလျှင် Skin Care Product Shop သို့ သွားရောက်လည်ပါတ်၍ စျေးဝယ်ထွက်ကြပါမည်။
ညစာ သုံးဆောင်ပြီးနောက် Chaiyi မြို့ရှိ စျေးဝယ်ထွက်စရာစုံလင်လှသည့် ပတ်ဝန်းကျင်ရှိ ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူပါမည်။
Hotel: Chiayi King Hotel

Day 3 : : Chiayi – Kaohsiung ( B / L / D )

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ပေပေါင်း ၆၀၀၀ ကျော်အမြင့်ရှိသော Alishan National Scenic Area တောင်ပေါ် အမျိုးသားဉယျာဉ်သို့ သွားရောက်လည်ပတ်ကြပါမည်။ တောင်ပေါ်ရှိ ဂျပန်ကိုလိုနီခေတ်ကတည်းက ဒေသရှိသစ်များအား ခုတ်လှဲ၍ ဂျပန်နိုင်ငံသို့ ပို့ဆောင်ရာတွင်အသုံးပြုရန်အတွက် ဖောက်လုပ်ခဲ့သောရထားလမ်းပေါ်တွင် မီးရထားစီးပြီး လမ်းတလျှောက် သဘာဝ အလှအပများကို ကြည့်ရှုခံစားကြပါမည်။ ပြီးနောက် သဘာဝသစ်တောနယ်မြေအတွင်း လမ်းလျှောက်ခရီး ဆက်လက်ထွက်ခွာပြီး နာမည်ကြီး ညီအစ်မရေကန် (Sister Ponds)၊ သဘာဝအလျှောက်ဖြစ်ပေါ်နေသည့် တိရိစ္ဆာန်ပုံစံ သစ်ပင်များ၊ ပြန်လည်ပြုစု စိုက်ပျိုးထားသည့် သစ်ပင်တန်းများ အစရှိသည့် လှပသည့်သစ်တောလေးကို ဖြတ်သန်းရင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ နှစ်ပေါင်း ၁၅၀၀ ကျော် သက်တမ်းရင့်အပင်တွေနဲ့လည်း အမှတ်တရဓါတ်ပုံရိုက်ဖို့လည်း အခွင့်အရေးများလည်း ရရှိမယ့် လမ်းလျှောက်ခရီးပါ။ ပြီးနောက် ဆုံမှတ်မှ Kaohsiung မြို့သို့ ဆက်လက်ထွက်ခွာပါမည်။
လမ်းခရီးတွင် ထိုင်ဝမ်နိုင်ငံ၏ နာမည်ကျော် Pineapple Cakes ဆိုင်လေးမှာ ခေတ္တရပ်နားပေးမှာ ဖြစ်ပါတယ်။
ပြီးနောက် Kaohsiung မြို့ရှိ စျေးဝယ်ထွက်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်တဲ့ Hansin Department Store သို့ သွားရောက်လည်ပတ်ပါမည်။
Kaohsiung မြို့ရှိဟိုတယ်တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
Hotel: Kingship Hotel

Day 4 : : Kaohsiung – Taitung ( B / L / D )

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကောင်းရှုံမြို့ရှိ Pier 2 Air Center သို့ သွားရောက်လည်ပါတ်ပါမည်။ ထို့နောက် အေးချမ်းလှပတဲ့ ကြာကန်အတွင်းတွင် လက်ရာမြောက်စွာ ထုဆစ်ဆောက်လုပ်ထားသော Dragon and Tiger Pagoda သို့ သွားရောက်ဖူးမျှော်ပါမည်။ ပြီးနောက် ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံးဗုဒ္ဓယဉ်ကျေးမှုစင်တာ ဖြစ်သည့် Fo Guang Shan Buddha Museum နှင့် Fo Guang Shan ဗုဒ္ဓရုပ်ပွားတော်ကြီး သို့ သွားရောက်ဖူးမျှော်ပြီး ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ၊ ဗုဒ္ဓသမိုင်းကြောင်းများ၊ ဗုဒ္ဓစာပေများကို လေ့လာပါမည်။ ထို့နောက် Taitung မြို့သို့ ဆက်လက်ထွက်ခွာပြီး ထိုင်ဝမ်နိုင်ငံရဲ့ ရေပူစမ်းနာမည်ကြီးသော Taitung Zhiben Area သို့ သွားရောက်လည်ပါတ်ပါမည်။ Taitung မြို့ရှိဟိုတယ်တွင် ရေပူစမ်းစိမ်ရင်း အိပ်စက်အနားယူပါမည်။
Hotel: Hotel Royal Kingdom

Day 5 : : Taitung – Hualien ( B / L / D )

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Little Yehliou လို့ တင်စားခေါ်ဝေါ်ကြသည့် Xiao Yehliu Natural Stone Sculpture Park သို့ သွားရောက်ကာ နှစ်ထောင်ပေါင်းများစွာက နေ၊ လေ၊ ရေ ဒါဏ်တွေကြောင့် ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ကျောက်တောင်တွေကို လေ့လာကြည့်ရှုပါမည်။ ထို့နောက် ထိုင်ဝမ်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်သည့်နေရာတွေထဲက တစ်ခုဖြစ်ပြီး လှိုင်းပုံစံ အခုံး (၈)ခုဖြင့် ထူးခြားစွာဆောက်လုပ်ထားသော Sanxiantai Arch Bridge သို့ သွားရောက်ပြီး ရှုမငြီးနိုင်တဲ့ သဘာဝတရားရဲ့ ဆန်းကြယ်ခမ်းနားမှုကို မြင်တွေ့နိုင်ပါသည်။ ပြီးနောက် Hualien မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ထိုင်ဝမ်နိုင်ငံ၏ အမျိုးသားဉယျာဉ် (၉)ခု ရှိသည့်အနက် တစ်ခုဖြစ်သည့် Taroko Park သို့ သွားရောက်လည်ပါတ်ပါမည်။ ပင်လယ်ရေမျက်နှာပြင်အထက် 2408 m အမြင့်ရှိပြီး ထိုင်ဝမ်နိုင်ငံ၏အမြင့်ဆုံး ပင်လယ်ကန်းရိုးတန်း ချောက်ကမ်းပါးတစ်ခုဖြစ်သည့် Qingshui Cliff သို့ သွားရောက်ပါမည်။ ထို့နောက် Hualien မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူ ပါမည်။
Hotel : Ocean Hualien Hotel

Day 6 : : Hualien – Yehliu – Taipei (B / L / D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ရထားဖြင့် Suaoxin ဘူတာသို့ ထွက်ခွာပါမည်။ ပြီးလျှင် အလွန်သာယာလှပသော ကျောက်ဆောင်များနှင့် ထိုင်ဝမ်၏ နာမည်ကြီး ဘုရင်မဉီးခေါင်းပုံကျောက်ဆောင်ရှိရာ Yehliu Geo Park သို့ သွားရောက်ပါမည်။ ထို့နောက် ချန်ကေရှိတ်၏ အောက်မေ့ဖွယ်ရာ ဂူဗိမ္မာန်ဖြစ်သော Chiang Kai-Shek Memorial Hall သို့ သွားရောက်လည်ပါတ်ကြပါမည်။ ပြီးနောက် ထိုင်ပေမြို့ရှိ နာမည်ကျော်မိုးမျှော်အဆောက်အဉီ တစ်ခုဖြစ်သော Taipei 101 Tower သို့ သွားရောက်ပြီး ထိုင်ပေမြို့၏ အလှအပများအား အပေါ်စီးမှ ကြည့်ရှု့ခံစားပါမည်။ ထိုင်ဝမ်ရိုးရာ အစားအသောက်နှင့်အဝတ်အထည်များပေါများလှသည့် Ximending Shopping District သို့ သွားရောက် စျေးဝယ်ပါမည်။
Taipei ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day 7 : : Taipei – Departure to Yangon

CI 7915 07:00 – 09:50am TPE – RGN

ဟိုတယ် check-out ပြုလုပ်ကာ Taoyuan လေဆိပ်သို့ ပို့ဆောင်ကာ ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။

ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မူများ
– 3 or 4 Stars Hotels
– Yangon – Taipei – Yangon လေယာဉ်လက်မှတ် China Airline ( 30 Kg )
– Taiwan ဗီဇာ
– ထိုင်ဝမ်ဒေါ်လာသိန်း၂၀တန်ထိုင်ဝမ်နိုင်ငံခရီးသွားအာမခံနှင့် ထိုင်ဝမ်ဒေါ်လာ ၂ သိန်းတန် ကျန်းမာရေးအာမခံ
– အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်နှင့် မြန်မာပြည်မှTour Leader
– ခရီးစဉ်တွင်ပါဝင်သောလည်ပတ်မည့်နေရာများ၏၀င်ကြေးများ
– နံနက်စာ, နေ့လည်စာ, ညစာ
– နေ့စဉ် ရေသန့်

ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ
– ဟိုတယ်နှင့်စားသောက်ဆိုင်များတွင်သုံးစွဲသော အအေးနှင့် ရေသန့်ဖိုးများ
– ဖော်ပြပါခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မူများ
– မိမိနှင့်သာသက်ဆိုင်သည့် ကုန်ကျစရိတ်များ
– ကုတင်မယူသော အသက်12 နှစ်အောက်နှင့် 120 cm အောက် ကလေးအတွက် ဆပ်ပြာ ၊ ခေါင်းလျှော်ရည်၊သွားတိုက်တံ၊ သွားတိုက်ဆေး နှင့်မနက်စာ

🏣 Head Office – No.9/6, Room.04,Yannyein Housing ,Yankin Tsp, Yangon, Myanmar
Phone No: 📲 09974875325 / 📲 09973773152 / 📲 09250143764 / 📲09762357583 / 📲 09762285097 / 📲 09964593332 / 📲 099645733   9:30 Am To 5:30 Pm

Taiwan
Taiwan

Yangon – Taiwan Tour
View More

Itinerary

Tour's Location


Reviews

0/5
Not Rated
Based on 0 review
Excellent
0
Very Good
0
Average
0
Poor
0
Terrible
0
Showing 1 - 0 of 0 in total

Write a review

Created with Sketch.
from $1.300,00

You might also like

Get Updates & More

Thoughtful thoughts to your inbox